Header Ads

ad728
  • Breaking News

    ၃၈ - ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )

    ၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း

    1. Not to associate with fools.

    ၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း

    2. To associate with wise.

    ၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း

    3. To honour those-worthy of honour.

    ၄. သင့်လျော်သောအရပ်တွင် နေခြင်း

    4. To live in suitable region.

    ၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း

    5. To have accumulated merits of the past.

    ၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း

    6. To be rightly concentrated on oneself.

    ၇. အကြား အမြင်များခြင်း

    7. To have immensity of knowledge.

    ၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း

    8. To acquire skill in sciences.

    ၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း

    9. To be well-trained in displine.

    ၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း

    10. To have pleasant speech.

    ၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း

    11. To serve one's actions.

    ၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း

    12. To look after one's family.

    ၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း

    13. To be peaceful in one's action.

    ၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း

    14. To donate generously.

    ၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း

    15. To live the life of Dhamma.







    ၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း

    16. To help one's relations.

    ၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း

    17. To abstain from immoral livelihood.

    ၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း

    18.To abstain from evil (mental).

    ၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း

    19. To abstain from evil (physical)

    ၂၀. မူးယစ်သေစာ မသောက်စားခြင်း

    20. To abstain from intoxicants.

    ၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း

    21. To practice Dhamma deligently.

    ၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း

    22. To be respectful.

    ၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း

    23. To be humble.

    ၂၄. တင်းတိမ်ရောင့်ရဲခြင်း

    24. To be content.

    ၂၅. သူ့ကျေးဇူးကိုသိခြင်း

    25. To be grateful.

    ၂၆. သင့်လျော်သောအခါ တရားနာခြင်း

    26. To listen Dhamma at appropriate time.

    ၂၇. သည်းခံခြင်း

    27. To be tolerant.

    ၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း

    28. To be obedient.

    ၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း

    29. To see saintly people.

    ၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း

    30. To discuss Dhamma at appropriate times.

    ၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း

    3. To have asectic practices.

    ၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း

    32. To observe celibacy.

    ၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း

    33. To observe Noble Truths.

    ၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း

    34. To realize Nibbana.

    ၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း

    35. To remain equanimous while coming in contact with visicitudes of life.

    ၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း

    36. To remain free from sorrow.

    ၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း

    37. To remain free from impurity.

    ၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း

    38. To remain free from

    Credit - Dhamma Knowledge

    No comments