Wednesday, April 16.

Header Ads

.com/img/b/R29vZ2xl/AVvXsEh7bjsmuyPLKRUQOWx7bijtz3p8Z_xH8hTRjcGlZZ6YFwQYbbTy8cdu6sqx4-R9ZzgVlg8AoUParu_HH0ArD_7-gcam6VqN6ySj6TQof33R3cvoPzll8lGgBzjOxRdnNvYCz8qxzNbjwOoR/w728-h90-no/

Qualities of the Sangha ( သံဃာ့ဂုဏ်တော် (၉)ပါး )

11659567_874268145988528_4539566821238639244_n

ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား အပေါင်း သံဃာတော်သည်။

Bhagavato savakasamgho,

The Sangha: "The Sangha of the Blessed One's disciples (Savakas) is:



၁။ သုပ္ပဋိပန္နော-လောဘ ဒေါသ မောဟ ကင်းကြောင်း (သီလ သမာဓိ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူသော သံဃာတော် မြတ်ပါပေတကား။

Supatipanno

1.practising the good way.


၂။ ဥဇုပ္ပဋိပန္နော-ကိုယ်နှုတ်စိတ်ထား အကောက် သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော် မြတ်ပါပေတကား။

ujupatipanno

2. practising the upright way.


၃။ ဉာယပ္ပဋိပန္နော- ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှါ သင့်လျော်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။

naya patipanno

3.practising the knowledgeable or logical way


၄။ သာမီစိပ္ပဋိပန္နော- သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော် မြတ်ပါပေတကား။

samicipatipanno

4.practising the proper way;


ယဒိဒံ စတ္တာရိ ပုရသာယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသာ ဘဂဝတော၊ ယဒိဒံ- ယာနိဣမာနိ စတ္တာရိ ပုရသာယုဂါနိ၊ အကြင်လေးယောက်သော ယောကျ်ားအစုံတို့သည်။ ယဒိဒံ- ယေဣမေ အဋ္ဌပုရိသပုဂ္ဂလာ၊ အကြင်အသီးအသီး ရှစ်ယောက်သော ယောကျ်ားမြတ် ပဂ္ဂိုလ်တို့သည်။

yadidam cattari purisayugani, attha purisapuggal, esa bhagavato savakasamgho;

that is, the four pairs of persons, the eight types of individuals - This Sangha of the Blessed One's disciples is:


၅။ အာဟုနေယျော-အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက် ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော် မြတ်ပါပေတကား။

ahuneyyo,

5.worthy of gifts



၆။ ပါဟုနေယျော- ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ်ကိုသော်လည်း ပေးလှူပူဇော်ထိုက် ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။

pahuneyyo

6.worthy of hospitality



၇။ ဒက္ခိဏေယျော-နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော် မြတ်ပါပေတကား။

dakkhineyyo

7.worthy of offerings


၈။ အဉ္စလိကရဏီယော- ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော် မြတ်ပါပေတကား။

anjalikaraniyo,

8.worthy of reverential salutation


၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှါ သတ္တဝါအပေါင်း၏ အကောင်းဆုံး လယ်ယာမြေ ဖြစ်တော်မူသော သံဃာတော်မြတ်ပါပေတကား။

anuttaram punnakkhettam lokassati.

9.the unsurpassed field of merit for the world.



သုပ္ပဋိပန္န-အစရှိသော ဤ၉-ပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးပါး၊ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးပါးအားဖြင့် ရှစ်ပါးသောအရိယာ သံဃာတော်မြတ်အပေါင်းကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

No comments